Published on San Francisco Voter Guide (https://voterguide.sfelections.org)

Home > ကျွန်ုပ်တို့ သင့်ကို ကူညီနိုင်ပါသည်။
< Go back

ကျွန်ုပ်တို့ သင့်ကို ကူညီနိုင်ပါသည်။

(ရွေးကောက်ပွဲဌာန) Department of Elections သည် မဲစာရွက်ပြားမိတ္တူကို (ရည်ညွှန်းချက်) မြန်မာဘာသာဖြင့် ပေးပါသည်။ မိတ္တူမဲစာရွက်ပြားများသည် မြန်မာဘာသာဖြင့် ပြန်ဆိုထားသော တရားဝင်မဲစာရွက်ပြားနှင့် တစ်ထေရာတည်း တူသော မိတ္တူများ ဖြစ်ပါသည်။

သင်မဲပေးရန် သတ်မှတ်ချက်နှင့်ပြည့်မီသော ပြိုင်ပွဲများပါရှိသည့် မဲစာရွက်ပြားမိတ္တူတစ်စောင်ကို ကြည့်ရန်- sfelections.org/myvotinglocation သို့ သွားပါ။

မဲစာရွက်ပြားမိတ္တူတစ်စောင်ကို စာတိုက်မှရရှိရေးအတွက်sfelections.org/language တွင် တောင်းဆိုပါ၊ သို့မဟုတ် (415) 554-4375 ကို ဖုန်းဆက်ပါ။

မဲပေးသည့်နေရာအချို့တွင်၊ ဤဌာနသည် မြန်မာဘာသာဖြင့် မိတ္တူမဲစာရွက်ပြားများ ပေးပါသည်။ ဘာသာစကား အရင်းအမြစ် အမျိုးအစားများနှင့်အတူ ဆန်ဖရန်စစ္စကို မဲပေးသည့် နေရာအားလုံး၏ စာရင်းကို ကြည့်ဖို့ - sfelections.org/pollsite ကို သွားပါ။

ရွေးကောက်ပွဲနေ့တွင် မဲရုံများ မနက် ၇ နာရီမှ ည ၈ နာရီအထိ ဖွင့်ပါသည်။

မဲပေးသူမည်သူမဆိုသည် (မဲပေးသူ၏ အလုပ်ရှင်၊ မဲပေးသူ၏ အလုပ်ရှင်၏ကိုယ်စားလှယ်၊ သို့မဟုတ် မဲပေးသူက အဖွဲ့ဝင်ဖြစ်သည့် သမဂ္ဂ၏ အရာရှိ သို့မဟုတ် ကိုယ်စားလှယ်မှလွဲ၍) လူနှစ်ဦးအထိကို ၎င်း၏မဲစာရွက်ပြားတွင် အမှတ်အသားပြုရာ၌ ကူညီရန် မဲပေးသူက တောင်းဆိုနိုင်ပါသည်။ မဲပေးသူသည် မဲရုံလုပ်သားများထံမှလည်း ထိုကဲ့သို့သောအကူအညီ တောင်းဆိုနိုင်ပါသည်။


Source URL: https://voterguide.sfelections.org/en/%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%AF%E1%80%95%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%B7-%E1%80%9E%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AD%E1%80%AF-%E1%80%80%E1%80%B0%E1%80%8A%E1%80%AE%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%AB%E1%80%9E%E1%80%8A%E1%80%BA%E1%81%8B