ကျွန်ုပ်တို့ သင့်ကို ကူညီနိုင်ပါသည်။
(ရွေးကောက်ပွဲဌာန) Department of Elections သည် မဲစာရွက်ပြားမိတ္တူကို (ရည်ညွှန်းချက်) မြန်မာဘာသာဖြင့် ပေးပါသည်။ မိတ္တူမဲစာရွက်ပြားများသည် မြန်မာဘာသာဖြင့် ပြန်ဆိုထားသော တရားဝင်မဲစာရွက်ပြားနှင့် တစ်ထေရာတည်း တူသော မိတ္တူများ ဖြစ်ပါသည်။
သင်မဲပေးရန် သတ်မှတ်ချက်နှင့်ပြည့်မီသော ပြိုင်ပွဲများပါရှိသည့် မဲစာရွက်ပြားမိတ္တူတစ်စောင်ကို ကြည့်ရန်- sfelections.org/myvotinglocation သို့ သွားပါ။
မဲစာရွက်ပြားမိတ္တူတစ်စောင်ကို စာတိုက်မှရရှိရေးအတွက်sfelections.org/language တွင် တောင်းဆိုပါ၊ သို့မဟုတ် (415) 554-4375 ကို ဖုန်းဆက်ပါ။
မဲပေးသည့်နေရာအချို့တွင်၊ ဤဌာနသည် မြန်မာဘာသာဖြင့် မိတ္တူမဲစာရွက်ပြားများ ပေးပါသည်။ ဘာသာစကား အရင်းအမြစ် အမျိုးအစားများနှင့်အတူ ဆန်ဖရန်စစ္စကို မဲပေးသည့် နေရာအားလုံး၏ စာရင်းကို ကြည့်ဖို့ - sfelections.org/voteatyourpollingplace ကို သွားပါ။
ရွေးကောက်ပွဲနေ့တွင် မဲရုံများ မနက် ၇ နာရီမှ ည ၈ နာရီအထိ ဖွင့်ပါသည်။
မဲပေးသူမည်သူမဆိုသည် (မဲပေးသူ၏ အလုပ်ရှင်၊ မဲပေးသူ၏ အလုပ်ရှင်၏ကိုယ်စားလှယ်၊ သို့မဟုတ် မဲပေးသူက အဖွဲ့ဝင်ဖြစ်သည့် သမဂ္ဂ၏ အရာရှိ သို့မဟုတ် ကိုယ်စားလှယ်မှလွဲ၍) လူနှစ်ဦးအထိကို ၎င်း၏မဲစာရွက်ပြားတွင် အမှတ်အသားပြုရာ၌ ကူညီရန် မဲပေးသူက တောင်းဆိုနိုင်ပါသည်။ မဲပေးသူသည် မဲရုံလုပ်သားများထံမှလည်း ထိုကဲ့သို့သောအကူအညီ တောင်းဆိုနိုင်ပါသည်။